Myanmar Teacher MT Daily Posts

Daily Dose: Vitamins for the Mind & Motivation for the Soul!"

Daily Motivational Quotes
🌟 Daily Motivation 🌟

ကိုယ့်အားကိုယ်ကိုးတတ်ဖို့က အလေ့အကျင့်လိုတယ်

ကိုယ့်အားကိုယ်ကိုးတတ်ဖို့က အလေ့အကျင့်လိုတယ်

အမြဲပျင်းတယ်ဆိုသူတွေ ကြာလာတော့ ပျင်းရင်း ဖျင်းလာတယ်။ ဒီကြားထဲ စိတ်ဓာတ်ကမကောင်းရင် တက်လမ်းကိုမရှိတော့။

လူတိုင်း မပျင်းကြတာမဟုတ်ဘူး။ ကိုယ်တိုင်လည်း တခါတလေ ပျင်းတယ်။ စိတ်ဓာတ်ကျတယ်။ အလွန်ဆုံးကြာ ရက်ပိုင်းပေ့။ ပျင်းချိန်ကိုလည်း ပြင်းပြင်းကြီးပျင်းပစ်လိုက်တယ်။ တခုခုဆို ကိုယ်ဖြစ်နေတာကို သိပေးပြီး ပြောင်းလဲပစ်ရတာပဲ။

လုပ်စရာရှိရင်လည်း တုံ့နှေးနှေးမလုပ်တတ်ဘူး။ ဘ၀မှာ တဖက်လူကို အားကိုးနေရတဲ့ ဒုက္ခလောက် ဘယ်ဟာမှ မကြီးဘူးဆိုတာ သိရင် ဘယ်သူ့မှ ကို အားမကိုးချင်စိတ်ဖြစ်လာမယ်။ 

ဘုရားကလည်း ဟောခဲ့တာပဲ။ အတ္တာဟိအတ္တနောနာထော ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာပဲ။ ကိုယ့်ဖာသာ အားကိုးနိုင်လေ သူများကိုမှီရတဲ့အမှီလျော့လာပြီး လွတ်လပ်မှုပိုရှိလာလေပဲ။ ပင်ပန်းပေမဲ့ စိတ်ချမ်းသာတယ်။

အခုလည်းပြည်သူတွေ ကိုယ့်အားကို အများကြီးကိုးလာတာ မြင်တွေရတာ တောက်ပတဲ့ အနာဂတ်တခုကို လှမ်းမြင်နေရသလိုပဲ။ 

ကိုယ့်အားကိုယ်ကိုးကြမယ်။ ဆက်လက်သန်မာကြမယ်။ အောင်ပွဲကို အတူတကွလှမ်းယူကြမယ်။ 

ကောင်းကင်က ကြယ်ကို လှမ်းဆွတ်နေကြတာမဟုတ်ပါဘူး။ ကြယ်တွေအပြည့်နဲ့ ကောင်းကင်သစ်ကို ဖန်တီးနေကြတာပါ။ 


Thu 
Myanmar Teacher Facebook
Myanmar Teacher Website
Myanmar Teacher YouTube
Please subscribe/like/follow our Facebook, Website, YouTube Channels

Featured post by MT

Notetaking & Mind Mapping

Contributors